👶 သန္ဓေသားဘဝ ကိုယ်အင်္ဂါများ ဖွံ့ဖြိုးစဥ် ကာလအတွင်း ဖွံ့ဖြိုးမှုပုံမမှန်တာကြောင့် ကလေးငယ်တွေမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲ မွေးရာပါချို့ယွင်းချက်ဖြင့် မွေးဖွားလာရပါတယ်။ မွေးရာပါချို့ယွင်းချက် တစ်ခုဖြစ်တဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါဟာ ကလေးငယ် အယောက်တစ်သောင်းမွေးဖွားတိုင်း တစ်ယောက်လောက်မှာ ဖြစ်ပေါ်တတ်ပါတယ်။
👉 ဘယ်လိုအကြောင်းကြောင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်ရတာလဲ ?
တိကျသေချာတဲ့အကြောင်းရင်းမျိုးမရှိပေမယ့်
ချို့ယွင်းမှု ဖြစ်စေရတဲ့အကြောင်းရင်းအချို့ကတော့
🔻ကိုယ်ဝန်ဆောင်စဥ်အတွင်း အရက်ဆေးလိပ် သောက်သုံးခြင်း
🔻ကိုယ်ဝန်ဆောင်မိခင်မှာ Folic Acid ချို့တဲ့ခြင်း
🔻ကိုယ်ဝန်နုစဥ်အချိန်မှာ သန္ဓေသား ကိုထိခိုက်စေနိုင်တဲ့ အတက်ကျဆေးများ၊ Steroid ပါဝင်သောဆေးများသောက်သုံးခြင်း စတာတွေကတော့ သန္ဓေသား ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် မွေးဖွားလာတဲ့ ကလေးငယ်ဟာ နှုတ်ခမ်းကွဲအာခေါင်ကွဲ ဖြစ်နိုင်ပါတယ်။
✅ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်လာရင် ဘယ်လိုကုသကြမလဲ?
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဖြစ်ခြင်းကို ကလေးငယ်တွေမှာ ခွဲစိတ်ကုသနည်းနဲ့ ပြုပြင်လို့ရနိုင်ပါတယ်။
နှုတ်ခမ်းကွဲခြင်းကို ကလေးငယ်အသက် 3လနဲ့ 6လ ကြားမှာ အများအားဖြင့် ကုသနိုင်ပြီး အာခေါင်ကွဲခြင်းကို ကလေးငယ် အသက်တစ်နှစ်ခန့်အရွယ်မှာ ခွဲစိတ်ကုသနိုင်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက် ကွဲနေတဲ့နေရာကို ချုပ်ထားတဲ့ သေးငယ်တဲ့ ချုပ်ရိုးအမာရွတ်ကျန်နိုင်ပြီး ကလေးငယ်ကြီးပြင်းလာတဲ့အမျှ အမာရွတ်ဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်သွားမှာပဲ ဖြစ်ပါတယ်။
💁♀️ သင့်ပတ်ဝန်းကျင်မှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်လေးတွေအတွက် “မန္တလာဆေးရုံ” မှာလာရောက်ကုသနိုင်သလို အခမဲ့အစီအစဉ်များဖြင့်လည်း ခွဲစိတ်ကုသပေးလျက် ရှိနေပါတယ်နော်။