ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မကြာမီ မွေးဖွားလာမယ့် ချစ်စရာ ရင်သွေးငယ်လေးများကို

ဘယ်ဆေးရုံမှာ မွေးဖွားရမလဲ ?

ဘယ်လို မွေးဖွားမှာလဲ ?
စသဖြင့် စဉ်းစားပူပန်နေရတယ်ဆိုတာ မိခင်လောင်းတိုင်း ကြုံတွေ့ရမယ့် သဘာဝတစ်ခုပါ။

ကျန်းမာသန်စွမ်းပြီး ချစ်စရာရင်သွေးငယ်လေးများကို မွေးဖွားနိုင်ရန် ကျွမ်းကျင်တဲ့ သားဖွားမီးယပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးတွေနဲ့ ဗိုက်အပ်ထားတာ အကောင်းဆုံးပါပဲ။
ကိုယ်ဝန်စဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ မိခင်တွေရဲ့ လိုအပ်တဲ့သွေးစစ်ဆေးမှုတွေ၊ ရင်သွေးကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားမှသာ မွေးရာပါကူးစက်ရောဂါများ ကင်းဝေပြီး ဖေဖေ၊ မေမေတို့ပါ စိတ်ချမ်းသာ ပျော်ရွှင်ရမှာပါ။

ဒီလို ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေ မွေးဖွားဖို့ဆိုရင် “မန္တလာဆေးရုံ” ရဲ့ Maternity Packages (ကလေးမီးဖွားခြင်း အစီအစဉ်) များက ကိုယ်ဝန်ဆောင်မေမေတို့အတွက် အသင့်ရှိနေပါပြီ။
Maternity Packages တွေဟာ မိခင်ရော ကလေးအတွက်ပါ ကျန်းမာရေးလုံခြုံစိတ်ချမှုအပြည့်ရှိရုံသာမက Package တစ်ခုချင်းစီတိုင်းမှာလည်း လိုအပ်တဲ့ ဝန်ဆောင်မှု အစုံအလင်ကို ရရှိနိုင်ပါတယ်။

Maternity Package မှာ ဘာတွေ ပါဝင်မှာလဲ


ခွဲစိတ်ခန်း အသုံးပြုမှုများ

မမွေးဖွားခင်နှင့် မွေးဖွားပြီး အသုံးပြုသော ပုံမှန်ဆေးဝါးနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ

မိခင်နှင့်ကလေးအတွက် တာဝန်ကျဆရာဝန်နှင့် သူနာပြုဆရာမများ၏ (၂၄)နာရီ ကျန်းမာရေးဝန်ဆောင်မှုများ

မိခင်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာ၊ နေ့လယ်စာနှင့် ညစာ

မွေးစာရင်းအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း

ကလေးအတွက် B ပိုးကာကွယ်ဆေး ပထမအကြိမ် ထိုးပေးခြင်း စတဲ့ ဝန်ဆောင်မှုများ ပါဝင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ရဲ့
မွေးဖွားလာမယ့် ရင်သွေးလေးတွေအတွက် “မန္တလာဆေးရုံ” ရဲ့ Maternity Packages များမှ အသင့်ရှိနေပါပြီနော်…
