ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ စားသောက်နေထိုင်နေမှုကို Myanmar Food Culture ဆိုတဲ့ post လေးနဲ့ အကြမ်းဖျင်းရှင်းပြထားပြီး ဖြစ်ပါတယ်။

ဒီနေ့အတွက်ကတော့ ဆီးချိုရောဂါဝေဒနာသည်တွေအတွက် သင့်တော်တဲ့ စားသောက်နေထိုင်မှုပုံစံကို ဆွေးနွေးပေးသွားမှာပါ ဖြစ်ပါတယ်။

ဆီးချိုကျဆေးသောက်နေတဲ့ ဆီးချိုရောဂါသည် များဟာ ကစီဓာတ်ကို လုံးဝ မစားပဲ နေခဲ့ရင် အချိုဓာတ်ကျဆင်းမှုများဖြစ်ပေါ်စေနိုင်တဲ့အတွက်
မနက်စာ/ နေ့လည်စာ/ ညစာ စားတိုင်းမှာ ကစီဓာတ် (ဆန်၊ဂျုံ၊ပြောင်း၊ကောက်နှံ) ပါဝင်အောင် စားသုံးသင့်ပါတယ်။

မနက်စာစားဖို့ရွေးချယ်ရရင် မိမိကြိုက်နှစ်သက်ရာ အစားအသောက်ကို စားနိုင်ပါတယ်။ ဒါပေမဲ့ စားသုံးတဲ့ ကစီဓာတ်ပမာဏကတော့ ချင့်ချိန်ရပါလိမ့်မယ်။
ဥပမာ –

ကောက်ညှင်းပေါင်းဆိုရင် ထမင်းစားဇွန်းနဲ့ ၆ဇွန်းခန့် (ကယ်လိုရီ 160ခန့်၊ ကစီဓာတ် 16ဂရမ်ခန့်)

မုန့်တီသုပ်/ ခေါက်ဆွဲသုပ်ဆိုလျှင် ပုံမှန်ပွဲ ၁ပွဲ (ကယ်လိုရီ ၅၀၀ ခန့်၊ ကစီဓာတ် 24ဂရမ်ခန့်)

နံပြား ၁-၁.၅ချပ် ( ကယ်လိုရီ 200ခန့်, ကစီဓာတ် 12ဂရမ်ခန့်)

ပေါင်မုန့်ဖြူ ၂-၃ချပ်ခန့် (ကယ်လိုရီ 240ခန့်, ကစီဓာတ် ၂၄ ဂရမ်ခန့်) သာ စားသုံးသင့်ပါတယ်။

နေ့လည်စာ အတွက်ဆိုလျှင်

ထမင်း ကို ထမင်းခူးယောင်းမ ၂ဇွန်းခန့် (ကယ်လိုရီ ၁၆၀ , ကစီဓာတ် ၁၆ ဂရမ်)

အသား/ငါး များကို ၄-၆ ကျပ်သားခန့်

အစိမ်းရောင် အရွက်ကြော်ကို ပန်းကန်လုံးတစ်လုံးခန့် စားသောက်ပေးနိုင်ပါတယ်။

နေ့လည်စာနှင့် ညစာ ကြားတွင် ကြိုက်နှစ်သက်ရာ အသီးအနှံများကို စားပေးနိုင်ပါတယ်။
ဥပမာ –

သင်္ဘောသီး/ ဖရဲသီး/ နာနတ်သီး စသည့်အသီးများကို ၁လက်မအရွယ် အတုံး ၆-၈တုံးခန့် စားပေးပါ..
(သို့မဟုတ်)

နဂါးမောက်သီး တစ်ခြမ်း
(သို့မဟုတ်)

ပုံမှန်လိမ္မော်သီး တစ်လုံး ကို စားပေးနိုင်ပါတယ်။
အထက်ပါ ဖော်ပြထားတဲ့ အသီးတွေရဲ့ တစ်ခါစား ပမာဏမှာ ကယ်လိုရီ ၆၀, ကစီဓာတ် ၁၅ ဂရမ် ခန့် ပါဝင်မှာ ဖြစ်ပါတယ်။
မြန်မာမုန့်တွေ ဖြစ်တဲ့ မုန့်ပြားသလက်/ မုန့်လက်ကောက်/ မုန့်ဆီကြော်များကို စားမယ်ဆိုရင်လဲ..

မုန့်ပြားသလက် ၁ချပ်ခန့်၊

မုန့်လက်ကောက်ကြော် ၂ခု ခန့် /

မုန့်ဆီကြော် ၁ခု ခန့် စားလို့ရပါမယ်..
ယခုပြောပြထားတဲ့ မြန်မာမုန့်တွေကတော့ ပျှမ်းမျှ ကယ်လိုရီ ၁၅၀ ခန့်ရှိပြီး ကစီဓာတ် ၁၂-၁၅ ဂရမ်ခန့် ပါဝင်နိုင်ပါတယ်။

ညစာကိုလဲ နေ့လည်စာနဲ့နည်းတူ စားသုံးနိုင်ပါတယ် ..
အခုပြောပြထားတဲ့ ပမာဏက အကြမ်းဖျင်းပြောပြထားတာပဲ ဖြစ်ပါတယ်။

လူတစ်ဦးနှင့်တစ်ဦး စွမ်းအင်လိုအပ်ချက်၊ အသားဓာတ်လိုအပ်ချက်များမတူညီနိုင်ပါဘူး..

ဆီးချိုရောဂါဖြစ်နေပြီ.. လူကလဲ ဝတယ်ဆိုတဲ့ သတ်မှတ်ချက်ထဲ ပါမယ်ဆိုရင်တော့
အစားအသောက်တွေကို သေချာ စနစ်တကျ စားပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရအောင် လျှော့ချပြီး ရောဂါအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အကြံပေးလိုပါတယ်။
– အစားအသောက်တွေမှာ ကယ်လိုရီ ဘယ်လောက်တွေပါတယ်
– တစ်ရက်တာမှာ ဘယ်လိုစားရမယ်ဆိုတာတွေကို အသေးစိတ်သိချင်ရင်တော့ “မန္တလာဆေးရုံ”မှာ အာဟာရဆရာဝန်များနဲ့ လာရောက် ဆွေးနွေးလို့ ရနေပါပြီ။
“Myanmar Food Culture” အကြောင်းဖတ်ရန်-