Thursday 02, 2024

“မန္တလာဆေးရုံ” သည် အထက်မြန်မာပြည်၏ ပထမဆုံး ပုဂ္ဂလိကဆေးရုံအဖြစ် ၁၉၉၄ ခုနှစ်မှစတင်၍ ယခု ၂၀၂၄ ခုနှစ်ထိ နှစ်(၃၀)တိုင်တိုင် မိဘပြည်သူများအတွက် ယုံကြည်အားထားရာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့ပါသည်။

မမေ့နိုင်စရာ နှစ်(၃၀)တာ ကာလအတွင်းမှာ “မန္တလာဆေးရုံ” အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပိုမိုဝန်ဆောင်မှုပေးနိုင်လာသလို နိုင်ငံတကာမှ အသိအမှတ်ပြုဆုများလည်း အမြောက်အများဆွတ်ခူးလာနိုင်ခဲ့ပါသည်။

“မန္တလာဆေးရုံ” စတင်တည်ထောင်ခဲ့ချိန်မှစ၍ ယနေ့တိုင်အောင် မိဘပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိသလို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်လည်း ဆက်လက်ကြိုးစားလျက်ရှိနေပါသည်။