ကျွန်တော်ရေကျောက်ပေါက်တုန်းကတော့ ရေချိုးတာပဲဗျ
တစ်အိမ်လုံးကတော့ ဒီလိုပြောပြီး တားကြပါတယ်
“ရေကျောက်ဆိုတာ ရေထိလို့မရဘူး•••ပိုပွါးတယ်”တဲ့လေ
ဒါပေမဲ့ ဆေးခန်းသွားပြတော့ ဆရာဝန်က “ရေချိုးလို့ရတယ်”ပြောတာနဲ့
ရေကျောက်ပေါက်နေလို့ (၂)ပတ်လောက်ထိ ရေမထိခဲ့တဲ့ကျွန်တော်ဟာ “အိမ်ပြန်ရောက်ရင်တော့ ရေအဝချိုးပစ်မယ်ကွာ”လို့ စိတ်ထဲကြိတ်ပျော်နေတုန်းမှာပဲ•••
ဆရာဝန်က ဒီလိုသေချာထပ်မှာပါတယ်
ရေချိုးတဲ့အခါ မပူမအေးတဲ့ရေ (ရေကျက်အေး)နဲ့သာ ချိုးပါ
ကလေးသုံးရေချိုးဆပ်ပြာကိုသာ သုံးပါ
ခန္ဓာကိုယ်ကို ညင်သာစွာ သန့်စင်ပါတဲ့
ဆရာဝန်မှာတဲ့အတိုင်း ရေချိုးအပြီးမှာတော့ •••
အရင်က ကြားဖူးနားဝရှိခဲ့ဖူးတဲ့ “ရေကျောက်ပေါက်ရင် ရေမချိုးရဘူး”ဆိုတာဟာ အယူအဆအမှားမှန်း သိလိုက်ရပါတော့တယ်
တကယ်တော့ ရေကျောက်ပေါက်နေတုန်း ရေမချိုးတဲ့အခါ အရေပြားပိုးဝင်တတ်ပါတယ်
ရေကျက်အေးနဲ့ ရေချိုးပေးခြင်းဟာ ယားယံခြင်းကို သက်သာစေပြီး အရေပြားကိုသန့်ရှင်းစေတယ်
ရေရဲ့ 𝐂𝐨𝐨𝐥𝐢𝐧𝐠 𝐄𝐟𝐟𝐞𝐜𝐭က ရေကျောက်နဲ့ဆက်စပ်တဲ့ ဖျားနာခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာစေတယ်
အဖျားနဲ့ချွေးထွက်တာကြောင့် ရေဓာတ်လျှော့နည်းတာကို အထောက်အကူဖြစ်စေတယ်
ဆပ်ပြာအပျော့စားသုံးပြီး ညင်သာစွာသန့်စင်ပေးခြင်းဟာ အရည်ကြည်ဖုတွေရဲ့ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်မယ့် နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်လို့ အနာကျက်မြန်စေပါတယ်
ဒီအချက်တွေက ကျွန်တော်ပြောတာတော့မဟုတ်ပါဘူး
ရေချိုးရမှာ ချိတုံချတုံဖြစ်နေတဲ့ ကျွန်တော့်ကို ဆရာဝန်က ပြောပြပေးတဲ့ အချက်တွေပေါ့ဗျာ
ဒါကြောင့် ကျွန်တော့်လို ရေကျောက်ပေါက်နေတဲ့ ဘဝတူတွေများရှိရင် “ရေချိုးလို့ရပါတယ်•••ရေချိုးဖို့မကြောက်ပါနဲ့”လို့ မှာပါရစေ
ဒါနဲ့ ရေကျောက်ပေါက်ပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းရှိ အရေပြားဆရာဝန်ဆီပြဖို့တော့ လိုအပ်တယ်နော်