🤔 ဝမ်းချုပ်တာနဲ့ အူလမ်းကြောင်းပိတ်တာရဲ့လက္ခဏာတွေဟာ ဆင်တူပေမယ့် တကယ်တမ်းမှာတော့ ကွဲပြားပါတယ်။
⁉️ဝမ်းချုပ်တာရဲ့ လက္ခဏာတွေက
– ဝမ်း (မစင်) မာတောင့်ခြင်း
– ဝမ်း (မစင်) ကုန်အောင် မသွားနိုင်ခြင်း
– စအိုဝမှာ ပိတ်ဆို့နေသကဲ့သို့ ခံစားရခြင်း
– ဝမ်း (မစင်) ထွက်ရန် အားစိုက်ရခြင်း
– ဝမ်း (မစင်) ထွက်ရန် ပုံမှန်ထက် အချိန်ယူရခြင်း တို့ဖြစ်ပါတယ်။
⁉️ အူလမ်းကြောင်း ပိတ်တာရဲ့ လက္ခဏာတွေက
– ချက် (သို့မဟုတ်) နံရိုးအောက်တစ်ဝိုက် မကြာခဏ အောင့်ခြင်း
– ဝမ်းဗိုက်နားတစ်ဝိုက် နှိပ်လိုက်ချိန် နာကျင်ခြင်း
– လေပွခြင်း
– လေပျို့ခြင်း၊ အန်ခြင်း
– ဝမ်း (မစင်)တွင် သွေးပါခြင်း တို့ပဲဖြစ်ပါတယ်။
မိမိမှာ ဝမ်းမသွားဘူးလို့ ခံစားနေရရင် ဝမ်းချုပ်တာလား၊ အူလမ်းကြောင်းပိတ်တာလားဆိုတာ သေချာသိရှိရန် လိုအပ်ပါတယ်။
ဒါကြောင့် ဒီလိုရောဂါလက္ခဏာတွေကို “မန္တလာဆေးရုံ” မှ ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်နော်။
တကယ်လို့ သင့်မှာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ သံသယလက္ခဏာများရှိနေပါက “မန္တလာဆေးရုံ” တွင် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ကြီးများနှင့် အစာအိမ်အူလမ်းကြောင်း မှန်ပြောင်း (𝐄𝐧𝐝𝐨𝐬𝐜𝐨𝐩𝐲) ကြည့်ရှုစစ်ဆေးနိုင်ပါပြီ။