
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်၍ ရောဂါရှာဖွေကုသခြင်း (Bronchoscopy)

Bronchoscopy ဆိုသည်မှာ အဆုတ်ရောဂါပြဿနာများ၊ အဆုတ်အတွင်းပိုင်းနှင့်လေပြွန်တစ်လျှောက်ရှိရောဂါများကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါသည်။ Bronchoscopy ကြည့်ရှုရာတွင် သေးသွယ်ပျော့ပျောင်း၍လက်သန်းအရွယ်ခန့်သာရှိသည့် ကင်မရာတပ်ဆင်ထားသော ပိုက်ကလေးထည့်သွင်းကာ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ အခြေအနေများကို ဆရာဝန်မှ monitor တွင်ကြည့်ရှု ၍ လိုအပ်သောနေရာအား ကုသမှုပေးခြင်းဖြစ်ပါသည်။
ဘယ်လိုရောဂါတွေကို ရှာဖွေကုသနိုင်လဲ

Bronchoscopy မှန်ပြောင်းကြည့်ခြင်းကို

အဆုတ်ရောဂါပြဿနာများအား ရှာဖွေစစ်ဆေးခြင်း

အဆုတ်ပိုးဝင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း

အဆုတ်မှ အသားစယူ၍ စစ်ဆေးခြင်း

ချွဲသလိပ်များဖယ်ရှားခြင်း (သို့) အသက်ရှုလမ်းကြောင်းအတွင်း ပိတ်ဆို့နေသည့် ပြင်ပအရာဝတ္ထုများ၊ အတားအဆီးများကို ဖယ်ရှားခြင်း

အသက်ရှုလမ်းကြောင်း ပွင့်စေရန် stent ထည့် ကုသခြင်း

အဆုတ်အတွင်းဖြစ်ပွားသော သွေးထွက်ခြင်း၊ ပုံမှန်မဟုတ်သော လေပြွန်ကျဉ်းမြောင်းခြင်း၊ အဆုတ်ပျက်စီးခြင်း (Pneumothorax) စသည်တို့ စစ်ဆေးကုသရာတွင် အသုံးပြုပါသည်။
ဘယ်လိုလူတွေ Bronchoscopy မှန်ပြောင်းကြည့်သင့်လဲ ?
– အဆုတ်ရောဂါရှိသူများ
– အလုံးအကျိတ်ရှိသူများ
– ရက်ရှည်ချောင်းဆိုးသူများ
– အဆုတ်ပိုးဝင်သူများ အနေဖြင့် မှန်ပြောင်းကြည့်၍ စစ်ဆေးသင့်ပါသည်။
အဆုတ်မှန်ပြောင်းကြည့်ရင် အန္တရာယ်ရှိနိုင်ပါသလား

ယေဘူယျအားဖြင့် စိတ်ချရသော စစ်ဆေးမှုဖြစ်ပါသည်။ သို့သော် အချို့လူနာများတွင် အသားစယူထားသောနေရာမှ သွေးစိမ့်ခြင်း၊ ပိုးဝင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ယားယံခြင်း အစရှိသည်တို့ဖြစ်နိုင်ပါသည်။
မိမိနှင့်မိမိပတ်ဝန်းကျင်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် “မန္တလာဆေးရုံ”တွင် အသက်ရှူလမ်းကြောင်းမှန်ပြောင်း Bronchoscopy ဖြင့် စမ်းသပ်စစ်ဆေးကုသနိုင်ပါပြီ။