
အူမကြီးကင်ဆာဟာ အဖြစ်များသလို အသိနောက်ကျရင် အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်တာကြောင့် အထူးသတိထားရမယ့် ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။


– အဝလွန်ခြင်း
– ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
– ဆေးလိပ်၊ အရက် အမြဲသောက်ခြင်း စတဲ့အချက်တွေအပြင် အသက်အရွယ်ကြီးတာ၊ မျိုးရိုးထဲမှာ ကင်ဆာရှိတာအပြင် အူမကြီးအတွင်း အသားလုံး၊ အသားပိုတွေ ဖြစ်ဖူးတာ ရှိတယ်ဆိုရင်တော့…. အူမကြီးကင်ဆာ ဖြစ်နိုင်ချေ များတာကြောင့် မပေါ့ဆသင့်ပါဘူး….

– မကြာခဏ ဝမ်းချုပ်ခြင်း
– ဝမ်းပျက်ခြင်း
– ဝမ်းထဲတွင် ချွဲ၊ သွေးပါခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

– ဗိုက်အောင့်ခြင်း/ နာခြင်း
– နာတာရှည် လေမလည်ခြင်း၊ ဗိုက်တင်းခြင်း
– မကြာခဏ အန်ခြင်း
– ဝမ်းဗိုက်တွင် အလုံးအကျိတ် စမ်းမိခြင်း
– သွေးအားနည်းခြင်း
– အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း
– ပင်ပန်းအားနည်းခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။

အူမကြီးကင်ဆာဟု အတည်ပြုပါက လူနာ၏ အသက်အရွယ်၊ ကျန်းမာရေးကောင်းမွန်မှု နှင့် ကင်ဆာ ပျံ့ပွါးမှု အဆင့်ပေါ် မူတည်၍










သင်နှင့် သင့်ပတ်ဝန်းကျင်တွင် အူမကြီးကင်ဆာလက္ခဏာများအတွက် သံသယရှိပါက “မန္တလာဆေးရုံ” တွင် အူမကြီးကင်ဆာစစ်ဆေးခြင်း (FIT Test) ပြုလုပ်ပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် လာရောက်ပြသနိုင်ပါပြီ။