emergency contact

+959 796 188 100

🙅‍♀️သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ ‼️

Friday 08, 2024

တော်တော်များများက မှန်တယ်လို့ ယူဆထားတဲ့ ကျန်းမာရေးအကြောင်းအရာအချို့က ဆေးပညာအရ လွဲမှားနေပါတယ်။ ဒါကြောင့် လွဲမှားနေတာတွေကို Dr. Mandalar မှ ဖော်ပြပေးသွားပါမယ်နော်။

🌶️ အစပ်များများစားရင် အစာအိမ်မှာအနာဖြစ်တတ်ပါသလား❓

🦠 အစာအိမ်အနာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ 𝑯𝒆𝒍𝒊𝒄𝒐𝒃𝒂𝒄𝒕𝒆𝒓 𝒑𝒚𝒍𝒐𝒓𝒊 လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ပါ။

💊 ဒါ့အပြင် အကိုက်အခဲပျောက်ဆေးတွေ ခဏခဏသောက်ရင်လဲ အစာအိမ်အနာဖြစ်တတ်ပါတယ်။

🚬 ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့်လည်း အစာအိမ်ကို သွေးရောက်တာနည်းပြီး အစာအိမ်အနာဖြစ်စေနိုင်ပါတယ်။

🙅 ဒါကြောင့် အစပ်စားလို့ အစာအိမ်အနာဖြစ်တယ်ဆိုတာ ဆေးပညာအရ မမှန်ကန်ပါဘူး။

🔴 သို့သော် အပူအစပ်များများစားရင် နဂိုရှိပြီးသားအနာကိုတော့ ပိုမိုဆိုးရွားစေပါတယ်။

🩺 မိမိမှာ အစာအိမ်အနာနဲ့ ပတ်သက်တဲ့လက္ခဏာတွေ စတင်ခံစားနေရပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ကြီးတွေနဲ့ပြသပြီး လိုအပ်တဲ့ဆေးကုသမှုခံယူသင့်ပါတယ်။