emergency contact

+959 796 188 100

Arthroscopy မှန်ပြောင်းနည်းဖြင့် ခွဲစိတ်ခြင်းဆိုတာ ဘာလဲ?

Wednesday 08, 2024

သင်သိပါသလား❓

🔍 “မန္တလာဆေးရုံ”သည် Arthroscopy မှန်ပြောင်းနည်းဖြင့် အရိုးအဆစ် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်သော အထက်မြန်မာပြည်ရှိ ပထမဆုံး ပုဂ္ဂလိကဆေးရုံ ဖြစ်ပါသည်။

2018 ခုနှစ်မှ စတင်ပြီး ယခုတိုင် လူနာများစွာကို မှန်ပြောင်းခွဲစိတ်နည်းဖြင့် အောင်မြင်စွာကုသခဲ့ပြီး ဖြစ်ပါသည်။

Arthroscopy မှန်ပြောင်းနည်းဖြင့် ခွဲစိတ်ခြင်းဆိုတာ ဘာလဲ❓

သေးငယ်သော ခွဲစိတ်ရာ အပေါက်ငယ်များသာ ပေးပြီး မှန်ပြောင်းစက်ကို အသုံးပြုကာ အရိုးအဆစ်တွင်းရှိ ရောဂါကို ကြည့်ရှုစစ်ဆေး၊ ခွဲစိတ်ကုသပေးသော ခေတ်မီခွဲစိတ်နည်းလမ်း ဖြစ်ပါသည်။

ကုသနိုင်သော ရောဂါတွေက ဘာတွေလဲ ❓

– အရိုးကျိုးခြင်း
– အရိုးနု၊ အရွတ်နှင့် အကြောများစုတ်ပြဲခြင်း
– အဆစ်လွဲခြင်း
– အရိုးအဆစ်များ ရောင်ရမ်းခြင်း စသော ရောဂါများတွင် ကုသနိုင်ပါသည်။

သမားရိုးကျခွဲစိတ်နည်းများနှင့် ယှဉ်လျှင် Arthroscopy ရဲ့ အားသာချက်တွေက ဘာတွေလဲ❓

✅ နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ် မှန်ပြောင်းများကို အသုံးပြုထားသောကြောင့် ရောဂါဖြစ်သောနေရာများကို ရှင်းလင်းပြတ်သားစွာ ရှာဖွေနိုင်ခြင်း
✅ ခွဲကြောင်းရာ သေးသေးသာ လိုအပ်ခြင်း
✅ အမာရွတ် သေးငယ်ခြင်း
✅ ခွဲစိတ်စဉ် အရွတ်၊ အကြောများနှင့် သွေးကြောများကို ထိခိုက်နိုင်ခြေ နည်းခြင်း
✅ သွေးထွက်နှုန်း လျော့နည်းခြင်း
✅ ရောဂါပိုးဝင်နိုင်ချေ နည်းပါးခြင်း
✅ နာလန်ထူမြန်ဆန်သည့်အတွက် ဆေးရုံတက်ရသည့်ရက် တိုတောင်းကာ ကုန်ကျစရိတ် လျော့နည်းစေခြင်း တို့ဖြစ်ပါသည်။

ခွဲစိတ်မှုခံယူပြီးနောက် ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးကုထုံးများဖြင့် ဆက်လက်ကုသမှုခံယူပါက ကိုယ်လက်လှုပ်ရှားမှုများကို မူလအခြေအနေအတိုင်း ပြန်လည်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

🔔 ထို့ကြောင့် Arthroscopy မှန်ပြောင်းနည်းဖြင့် အရိုးအဆစ် ခွဲစိတ်ကုသမှုများကို “မန္တလာဆေးရုံ”တွင် လာရောက်ကုသနိုင်ပါပြီ။