
မိဘပြည်သူများ၏ ကျန်းမာရေးအတွက် ရည်ရွယ်၍ အထူးအစီအစဉ်အဖြစ် “မန္တလာဆေးရုံ” နှင့်
InBody Myanmar တို့ ပူးပေါင်းပြီး Personalized Wellness Program လေးစီစဉ်ထားပါတယ်။

ဇူလိုင်လ (20) ရက်နေ့တွင် “မန္တလာဆေးရုံ”သို့လာရောက်သော မိဘပြည်သူများကို InBody Test (InBody Composition Analyze) ဖြင့် အခမဲ့တိုင်းတာပေးသွားမည့်အပြင် အာဟာရဆိုင်ရာဆရာဝန်များမှ အခမဲ့တစ်ကြိမ် ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။

InBody ဆိုတာဘာလဲ?
InBody ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အဆီပမာဏ ကြွက်သားပမာဏ ဘယ်လောက်ရှိသလဲ ဆိုတာကို တိတိကျကျတွက်ချက်ပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
Bioelectrical Impedance Analysis (BIA) Method လို့ခေါ်တဲ့နည်းပညာနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုလုံးကို ဘေးအန္တရာယ် (side effect) တစ်စုံတစ်ရာမရှိပဲ ခွဲခြမ်းစိတ်ဖြာပြီး မိမိတို့ခန္ဓာကိုယ်မှာ ရှိတဲ့

BMI (Body Mass Index)

ရေပမာဏ

အဆီပမာဏ

ကြွက်သားပမာဏ စသည်တို့အပြင်
ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာ အဆီဘယ်လောက်ရှိသလဲ ဆိုတာတွေအထိပါ တိတိကျကျတွက်ချက် ထုတ်ဖော်နိုင်ပါတယ်။

InBody Test ကို ဘယ်သူတွေစစ်ဆေးသင့်သလဲ? ဘယ်လိုနေရာတွေမှာ စစ်ဆေးနိုင်လဲ?
InBody Test (InBody Composition Analyze) ကို ကလေးလူကြီး ကျား/မ မရွေးစစ်ဆေးနိုင်ပြီး
ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့

ကြွက်သားပမာဏ

အဆီပမာဏ

ရေသောက်နည်းခြင်း/များခြင်း

ရှိသင့်သောကိုယ်အလေးချိန်/လျှော့ချသင့်သောကိုယ်အလေးချိန်

မိမိစားသောက်ရမယ့် ကယ်လိုရီပမာဏတွက်ချက်ပေးခြင်း

ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သော ကိုယ်တွင်းကလီစာ Visceral Fat Level

အာဟာရအတွက် အရေးပါသော အချက်အလက်များ အစရှိသည်တို့ကို သိရှိနိုင်မှာဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်ရှိပါသဖြင့် ကြိုတင်ဘိုကင်ယူထားရန်တော့ လိုအပ်ပါတယ်နော်။
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
“မန္တလာဆေးရုံ”
လိပ်စာ – ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
ဖုန်းနံပါတ် – 09 796 188 100 , 09 423 343 641